AA nih Peletwah Chinmi Cungah Hremnak Biatak Tein An Pek Hna

Peletwa peng Pyichaung hmunram Chin miphun cu AA hriamtlai nih fahnak tamtuk an pek hna. AA hriamtlai pawl nih Chinmi hna cu an tlaih hna i Kuli an phorhter hna. Kum 18-45 karlak pa poh poh cu an duh maw duhlo maw an tlaih hna i pawtta an phurh ter hna. Cu lawng hlah, khualtlawng an khamh hna, fimcawnnak sianginn an khar piak hna pinah phone vialte zong an phih/kham piak dih hna tiah KIMO media nih alanghter. Atang ah tling tein Kawlca kan thil chih.

ပလက်ဝမြို့နယ်၊ပီချောင်းဒေသတွင်ကြိုးဖုန်းများသိမ်းယူပြီးရွာသားတွေကိုအတင်းအဓမ္မပေါ်တာခေါ်ဆောင်နေ
=============
ချင်းပြည်နယ် ပလက်ဝမြို့နယ် ပီချောင်းတွင် နိုဝင်ဘာလ၊ ၁၄ရက်၊၂၀၂၃ ခုနှစ်တွင် လက်နက်ကိုင် အေအေ (AA)သည် ဒေသခံပြည်သူများကို ရွာအဝင်အထွတ် ပိတ်ပင်ခြင်း၊ကျောင်းတက်ခွင့် ပိတ်ပင်ခြင်း၊ ဆက်သွယ် ကြိုးဖုန်းများကို သိမ်းယူသွားခြင်း များကို လုပ် ဆောင်နေသည်ဟု ကီမိုမီဒီယာကို ပြောပါသည်။ ပီချောင်းဒေသအတွင်း လက်နက်ကိုင် အေအေ တွေက နိုဝင်ဘာလ ၁၅ ရက်ကစပြီး စာတင်ကျောင်းများကို စတင်ပိတ်ခိုင်းပါတယ်၊ အသက်−၁၈နှစ် မှ ၄၅ နှစ်အထိ တစ်အိမ်တစ်ယောက်၊ မဖြစ်မနေပေါ်တာထမ်းဖို့ခေါ်ပါတယ်၊ အသက်ကြီးလူကြီးတွေနှင့် ၁၈နှစ်အောက် အသက်မပြည့်သော၊ ကျောင်းသား၊ ကျောင်းသူတွေလည်း ထမ်းနေရကြောင့် အမည်မဖော်လိုသူ ဒေသခံ တစ်ဦးမှ ပြောပါတယ်။

“လက်နက်ကိုင် အေအေ တွေက ဘယ်အချိန်အထိ ပေါ်တာထမ်းခိုင်းသလဲဆိုရင်၊ ည(၇:၀၀ နာရီမှ၊ မနက်၇:၀၀ နာရီအထိ၊ တစ်ညလုံး ထမ်းရတယ်၊ ညတိုင်းဆိုတော့ အရမ်းပင်ပန်းတာပေါ့၊ မထမ်းဘူးဆိုရင်၊ ဖမ်းမယ်၊ရိုက်မယ်၊ထိုးမယ်လုပ်တော့၊ ဒေသခံပြည်သူတွေကကြောက်နေရတယ်၊ ပြီးတော့ အေအေတွေက ရွာထဲ့က လူနေအိမ်အောက်တွင်၊ ကာပါတွန်းတူတာတွေလုပ်ကြတယ် ရွာမှာ သွားလာနေတဲ့ အိမ်မွေးတိရစ္ဆာတွေကို အခကြေးငွေမပေးပဲ ခိုယူခြင်း၊သတ်ဖျက်ခြင်း၊ လုပ်နေကြတယ်လို သူကဆက်ပြောပါတယ်”

“ဒေသခံတစ်ဦးကထက်ပြောပါတယ် နိုဝင်ဘာလ၊၁၅ရက်၊၂၀၂၃ ခုနှစ်တွင် အေအေတွေက ပီးချောင်းဒေသရှိ လူဦးရေစာရင်းကောက်တာတွေလုပ်ပါတယ် ပြီးတော့ လူငယ်တွေ ခရီးထွတ်လို့မရအောင်၊ကုန်းလမ်း၊ရေလမ်း၊အကုန်ပိတ်ထားပြီးတော့ လူငယ်တွေကို လက်နက်ကိုင် အေအေ ထဲဝင်ဖို့ပြောပါတယ် မဝင်ချင်ဘူးဆိုရင်လည်း လက်နက်ပြပြီး အတင်းဝင်ခိုင်းမှာ၊ ဒါကိုကြောက်၍ လူငယ်တွေက အခြားကျေးရွာတွေမှာ ထွတ်ပြေးတယ်၊ ထွတ်ပြေးတာကို အေအေတွေက သိသွားရင် ရွာကိုပြန်ပြီးခေါ်တယ်” ပြီးတော့ ရွာသားတွေက တောင်ယာသွားခွင့်လည့်မရလို့ပြောပါတယ်။

နိုဝင်ဘာလ၊၁၄ရက်၊၂၀၂၃ခုနှစ်တွင်၊ အေအေတွေက ပီချောင်း အုပ်ချုပ်ရေးမှူး တစ်ဦးကို ဆွဲခေါ်သွားပြီး၊ယ္ခုလက်ရှိအချိန်အထိသူနှင့်အဆက်မသွယ်မရသေးဘူး၊ဘယ်နေရာမှာရှိမှန်းလည့်မသိဘူး၊မိသားစုတွေက စိတ်ပူနေတယ်၊ အေအေတွေဆီကိုမေးရင်လည့် ရှိတယ်လိုပဲပြောတယ်၊ နေရာအသိအကျတော့မပြောဘူးဟု ပီးချောင်းဒေသခံက ကီမိုမီဒီယာကိုပြောပါတယ်။ပုံ/ ပီချောင်းဒေသတွင် အေအေတွေက သိမ်းဆည်းသွားသော ကြိုးဖုန်းအမျိုးအစား #ကီမိုမီဒီယာသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

Leave a Comment