An Hriamnam Relcawklo le Motors le Motorcycle 311 he Mipi Ralkap kutah An I Pe

Kawlram ralkap hriamtlai tuanbia ahcun theih a nuam bik a si. Khittit thawngzamh nih alanghter ning ahcun Chaklei Shan ramthen Laukai pengkulh hrambunh Myanmar military’s regional operations command cu a ning piin Myanmar National Democratic Alliance Army (MNDAA) ah surrender an tuah tiah a ti. MNDAA kutah aa pe mi SAC ralhrang hna hi an dihlak minung 3724 an si.

An neihmi hriamnam vialte pinah an hman mi motor le motorcycle vialte zong MNDAA kutah an pek dih hna tiah report nih alanghter.  Motorcycle 139, motor hme mi 130 le motor lian 42 an si. SAC ralhrang surrender atuahmi chungah bawi officer minung 228 an um.  Laukai SAC ralhrang surrender a tuahmi vialte hna cu anmah le kal an duhnak hmun cio ah kalter dingin tuanvo an lak dih hna.

လောက်ကိုင် ဒကစ အပါအဝင် လောက်ကိုင်မြို့နယ်အတွင်းရှိ တပ်စခန်းများမှ လက်နက်ချ အညံ့ခံသူ တပ်ဖွဲ့ဝင်နှင့် မိသားစု ၃၇၂၄ ဦးရှိပြီး အားလုံးကို လိုရာခရီးသွားနိုင်ရေး MNDAA က စီစဉ်ပေးနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)က MNDAA ထံတွင် လက်နက်ချ အညံ့ခံလိုက်ပြီး လက်ရှိတွင် ဒကစအတွင်းမှ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများကို လိုရာခရီးသွားနိုင်ရေး MNDAA က စီစဉ်ပေးနေကြောင်း တရုတ်-မြန်မာ နယ်စပ်စစ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ လက်ရှိတွင် လက်နက်ချ အညံ့ခံသူ စစ်သားများ၊ အရာရှိများ၊ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း ၃၇၂၄ ဦးရှိပြီး အားလုံးကို လိုရာခရီးသွားနိုင်ရေး စီစဉ်ပေးနေသည်ဟု သိရှိရသည်။

လက်ရှိတွင် စာရင်းများအရ ဒကစနှင့် တပ်များမှ ယာဉ်များ အနေဖြင့် ဆိုင်ကယ် ၁၃၉ စီး ၊ ကားလေး ၁၃၀ စီး ၊ ကားကြီးမျိုးစုံ ၄၂ စီး၊ ဒကစ တပ်အတွင်းမှ အရာရှိအရာခံ ၂၂၈ ဦး၊ တပ်သားနှင့် အမှုထမ်း ၁,၈၉၅ ဦး စုစု ပေါင်း တပ်ဖွဲ့ဝင် ၂,၁၂၃ ဦး ၊ လက်နက် အနေဖြင့် ပစ္စတို ၇၉ လက် ၊ ချေမှုန်းရေးရိုင်ဖယ်လက်နက်မျိုးစုံ ၁,၉၆၄ လက်မျိုးစုံ၊ ထို့ပြင် ဒကစအတွင်းရှိ လက်ရုံး တပ်များမှ အရာရှိ ၈၀ ယောက် ၊ တပ်သားနှင့် အမှုထမ်း ၇၅၀ ဦး ၊ လက်နက်အားဖြင့် ပစ္စတို ၂၀ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၇၅၀ လက်၊ စစ်ကူအဖြစ် ရောက်ရှိနေသော တပ်မ ၅၅ မှ အရာရှိ ၉၈ ယောက် ၊ တပ်သားနှင့် အမှုထမ်း ၇၅၂ ယောက် ၊ လက်နက်အားဖြင့် ပစ္စတို ၃၀ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၈၅၀ လက် ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် ဒကစအတွင်းရှိ စကခ ၁၄ မှ အရာရှိ ၂၅ ဦး ၊ တပ်သားနှင့် အမှုထမ်း ၂၃၃ ဦး ၊ လက်နက်အားဖြင့် ပစ္စတို ၁၅ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၂၁၀ လက်၊ တမဟ ၁၆ မှ အရာရှိ ၁၀ ဦး၊ တပ်သားနှင့် အမှုထမ်း ၇၀ ဦး၊ လက်နက်အားဖြင့် ပစ္စတို ၆ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၇၄ လက်၊ စကခ ၁၂ မှ အရာရှိ ၁၅ ဦး ၊ တပ်သားနှင့် အမှုထမ်း ၉၀ ဦး ၊ ပစ္စတို ၈ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၈၀ လက်၊ ဇနီး၊ သားသမီးများအပါအဝင် တပ်မိသားစု – တပ်အိမ်ထောင် မိသားစုဝင် ၁,၆၀၁ ဦး၊ စုစုပေါင်း အရေအတွက်အားဖြင့် တပ်ဖွဲ့ဝင် နှင့် တပ်မိသားစုဝင် အားလုံး စုစုပေါင်း ၃,၇၂၄ ဦးကို လိုရာ ခရီးသွားနိုင်ရေး စီစဉ်ပေးနေကြောင်း သိရှိရသည်။

Leave a Comment