MDF cu Mara Hmunram Chungin An Thol Dih Cang Hna

Nihin ah CDF-Mar nih cathanh an chuah. Cathanh an chuah mi ah an timi cu, Mara hmunram chungah hriam iput in CDF Mara 2 le CNA 1 athattu hi MDF an si. CDF Mara ralkap minung 5 zong ruang umlo in a tlaitu zong an si. Cu lawng hlah CNA le CDF-Mara a dirkamhtu minung zong tlaih dingin an kawl hna.

 

Feb2 in MDF cu Mara hmunram in thol dingin kah hram kan thawk hna I Feb 5 ah hmunkhuarnak Sakhan cu mei in kan khangh piak hna. Cun an zamtak mi hriam thil le motor pakhat zong kan lak chih. Chin hriamtlai I bawm in MDF cu Mara hmunram chungin kan thol dih cang hna. Hi hnu ah kanmah Mara hmunram chungah an ra lut than a si ahcun kahdohnak fak pi a chuak kho mi a si tiah CDF-Mara nih cathanh an chuah.

တိုက်ပွဲသတင်းထုတ်ပြန်ချက် စာအမှတ်(၀၆/၂၄) ရက်စွဲ၊ ၁၅/၂/၂၀၂၄
၁။ မရာဒေသတွင် အကြမ်းဖက်မှု အကြိမ်ကြိမ် ကြူးလွန်နေသော MDF တပ်ဖွဲ့သည် CDF-Mara ရဲဘော် (၂)ဦး၊ CNA ရဲဘော်(၁)ဦး ပေါင်း (၃) ဦးတို့ကို သတ်ဖြတ် ခဲ့သော လက်နက် ကိုင် အဖွဲ့ဖြစ်သည်။ CDF-Mara ရဲဘော် (၅) ဦးတို့လည်းကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ည်။ လက်နက်ကိုင် မဟုတ်သောပြည်သူ တချို့ကို CNA/F နှင့် CDF-Mara အားပေးသူဆိုပြီး ဖမ်းဆီးရန် လက်လံရှာဖွေခြင်းများပြုလုပ်နေကြောင်းလည်း သိရှိရသည်။

၂။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစ၍ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက MDF အား မရာဒေသမှ ရှင်းထုတ်ရန် စတင် တိုက်ခိုက်ခဲ့ပါသည်။ နှစ်ရက် ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ရက်စွဲ၊ ၅/၂/၂၀၂၄ ရက်နေ့တွင် MDF တပ်ဖွဲ့ များအခြေချ နေထိုင်သည့် စခန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့သည်။ တိုက်ပွဲတွင် MDF ဖက်မှ ထိခိုက်မှုများရှိပြီး၊ ဒဏ်ရာ ရသူများလည်းရှိ‌ကြောင်းသိရှိရသည်။ ၎င်းတိုက်ပွဲတွင် MDF တပ်ဖွဲ့များ၏ လက်နက်ခဲယမ်းတချို့၊‌မော်တော်ယာဉ် တစ်စီး၊ ဆေးဝါးအမြောက်အများ သိမ်းဆည်းခဲ့သည်။

၃။ ချင်းပူးပေါင်းတပ်ဖွဲ့သည် မရာဒေသမှ MDF တပ်ဖွဲ့အား တိုက်ထုတ်နိုင်ခဲ့ပြီး၊ ၄င်းတပ်ဖွဲ့များသည် စခန်းမှ ဆုတ်ခွါပြီး ဘေးလွတ်ရာသို့ထွက်‌ပြေး တိမ်းရှောင်ခဲ့ကြောင်းသိရသည်။ ၄။ MDF တပ်ဖွဲ့မှ ပြန်လည်တုံ့ပြန်လာပါက မရာဒေသတွင် တိုက်ပွဲပြင်းထန်လာနိုင်ပြီး ခရီးသွားပြည်သူများသတိထားကြရန်အသိပေးထုတ်ပြန်ပါသည်။ သတင်းနှင့်ပြန်ကြားရေးဌါန  CDF-Mara

Leave a Comment