St. Catholic Church cu Min Aung Hlaing He Sunglawi Ngaiin Christmas An Hmang Tti Hna

St. Catholic Church nih Min Aung Hlaing cu Christmas an sawm than rih hoi. A biachim mi copy paste kan vun tuah – ငြိမ်းချမ်းရေး တံခါးကို အမြဲဖွင့်ထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ‌ထပ်မံပြောကြား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောကြားလိုက်သည်။

ယနေ့ ဒီဇင်ဘာ (၂၄)ရက် နေ့လယ်ပိုင်းက ပျဉ်းမနားမြို့၊ ရန်အောင်(၁) ရပ်ကွက်ရှိ စိန့်မိုက်ကယ် ကက်သလစ်ဘုရားကျောင်းတွင်ပြုလုပ်သည့် ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားတွင် နှုတ်ခွန်းဆက်စကားပြောကြားစဉ် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။ မိမိတို့ အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ပြီးအားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယနေ့ကြွရောက်လာကြသည့်ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင်များအနေဖြင့်လည်း မိမိတို့ နေထိုင်ရာဒေသ၊ မိမိတို့ နေထိုင်ရာ နိုင်ငံတော် ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် တတ်နိုင်သ ည့်ဘက်မှ ပါဝင်ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် နိုင်ငံသားအများစုကိုးကွယ်သည့် ဗုဒ္ဓဘာသာသာသနာနှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာ သာသနာတို့အပြင် အခြားဘာသာများကိုလည်း အသိအမှတ်ပြုထားပြီး ဥပဒေများနှင့် မဆန့်ကျင်ဘဲ တိုင်းရင်းသားလူမျိုးများနှင့် အခြားဘာသာသာသနာများကို ထိခိုက်နစ်နာမှုမရှိပါက မိမိတို့ကိုးကွယ်သည့် ဘာသာသာသနာကို လွတ်လပ်စွာဆောင်ရွက်ခွင့်ပြုထားကြောင်းလည်း ၎င်းက ဆိုသည်။ ဘာသာတရား၏ ညွှန်ပြမှု အဆုံးအမများကို လိုက်နာကျင့်သုံး၊ ကျင့်ကြံကြမည်ဆိုပါက ငြိမ်းချမ်းသာယာသည့် လူ့အသိုက်အဝန်း၊ငြိမ်းချမ်းသာယာသည့် နိုင်ငံအဖြစ် မလွဲမသွေ တည်ရှိနေမည်ဖြစ်သည်ဟု ယုံကြည်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

တစ်ဦးနှင့်တစ်ဦး အမုန်းတရားနှင့် ရန်ငြိုးရန်စ အာဃာတများကို စွန့်ပယ်ကြရန်၊ အကြမ်းဖက်ဖျက်ဆီးမှု၊ သ-တ်ဖြ-တ်ညှဉ်းဆဲမှု၊ ဒုစရိုက်အစုစုတို့ကို ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်း ပြောကြားသွားသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ အမြန်ရောက်ရှိနိုင်ရေးနှင့် ဘာသာ တရားအားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေးဟူသည့် ကောင်းမြတ်သော အခွင့်အရေးများကို မိမိတို့နိုင်ငံသားများအားလုံး ရရှိနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါဟုလည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိုက်တွန်းပြောကြားခဲ့သည်။ Popular News Journal

Leave a Comment